Writing a blog post
myanmar Public Media
သစ်ကိုင်းချိုးပြီးမြေမှာစိုက်တိုင်း အပင်မဖြစ်ဘူး။ မင်းကြိုက်တယ်ဆိုလဲသဘောပါ။ ဒါပေမယ်…ငါတို့စိုက်ပျိုးခဲ့တာ၊ ဒီအပင်တော့မဟုတ်ဘူး။ င့ါပါးစပ်ပိတ်ထားလိုက်မယ်၊ အရွက်တွေကြွေပြီး အကိုင်းခြောက်ဘဲ ကျန်တော့တဲ့အခါ ငါ့ပရောဂါမပါအောင်လို့။ ဆုတောင်းပေးလိုက််မယ်၊ အရိပ်ရမယ်ထင်နေတဲ့၊ မင်းရဲ့မျှော်လင့်ချက်လည်း၊ အိမ်မက်ဆိုးထဲမပျောက်ဆုံးပါစေနဲ့။ ဒါနဲ့..ငါ့ရဲ့ဦးဏှောက်တွေလဲ၊ အရက်ခွက်ထဲ အေးခဲမသွားခင်၊ ငါ့ကိုယ်ငါပြန်ရှာရဦးမယ်။ တကယ်တော့၊ အရင်းအနှီးထည့်ဝင်ထားသူက၊ အလိမ်ခံရတဲ့အခါ၊ နာကျဉ်ပေမယ့်၊ လှေထိုးလိုက်သူတွေကတော့၊ ဟေးလားဝါးလားပေါ့။ ကျမ္မာပျော်ရွှင်ကြပါစေ။…
မျက်လုံးကို အသာမှိတ်ပြီး၊ ခေါင်းကိုငုံထားမိတယ်။ မျက်လုံးထဲမှာပုံရိပ်တွေ လှုပ်ရှားနေတယ်။ စစ်ပွဲတခုမှာ ဒါးဒါးချင်း လှံလှံချင်း ထိသံတွေ တချွင်ချွင်ကြားနေရတယ်။ ခေါင်းကိုဖြေးဖြေးချင်းမော့ပြီး မျက်လုံးကိုငါဖွင့်ကြည့်မိတယ်။ တကယ်တော့ ငါ့ရန်သူနဲ့ သူတို့လက်ဆုံစားနေတဲ့ ညစာစားပွဲက ပန်းကန်တွေ စွန်းတွေရဲ ထိရှသံတွေဖြစ်နေတယ်။ ငါမျက်လုံးကို အသာပြန်မှိတ်ထားမိတယ်။ တိတ်ဆိတ်နေတဲ့ ကောင်းကင်တခုရှိနေတယ်။ စီးကျသွားတဲ့ သွေးတစက်ဟာ…
ငယ်ငယ်တုန်းက မိုးတွေရွာတဲ့အခါ အိမ်ခေါင်မိုးပေါ်မိုးရေပေါက်တွေကျတဲ့အသံ တဝုန်းဝုန်း ဘာမှမကြားတော့ဘူး ဖေဖေရယ် မေမေရယ် ညီအကိုမောင်နှမတွေရယ် ငါတို့အိမ်လေးရယ် စောင်ခြုံထဲမှာ နွေးနေအောင် အိပ်ခဲ့ဘူးတယ်။ ထမင်းကြမ်းခဲ တိုဟူးသုတ် တခါတလေ အကြော်နဲ့ ကျောင်းသွားဖို့ပြင်ဆင်နေတဲ့ ငါတို့အိမ်လေးဆူညံနေခဲ့ဘူးတယ်။ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား စစ်ဗိုလ်ကြီးလား၊ ဂီတသမားလား ရုပ်ရှင်မင်းသားလား သနပ်ခါးတွေလိမ်း၊ မှန်တွေအခါခါကြည့်…
ဦးတီခွန်မြတ်ဟာ ၂၀၁၈ မတ်လမှာ၊ ဦးဝင်းမြင့်( သမတဖြစ်ရန်) လွှတ်တော် ဥက္ကဌနေရာမှ နှုတ်ထွက်သွားတဲ့ အတွက်၊ လွှတ်တော်ဥက္ကဌဖြစ်လာခဲ့သူဖြစ်ပါတယ်။ ထောက်ခံမဲ ၂၈၀ နဲ့ ဖြစ်လာတာပါ။ NLD အမတ််တွေကမဲ ပေးခဲ့ကြပါတယ်။ ဦးတီခွန်မြတ်ဟာ ကြံခိုင်ဖွင့်ဖြိုးရေးပါတီက ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ…
(စာတော့နဲနဲရှည်မယ် သီးခံဖတ်ပေါ့၊ ဆောင်းပါရှည် ၁၉၆၂ ကနေ ဒီကနေ့အထိ) တကယ်တော့ တိုင်းပြည်တပြည် အသွင်ကူးပြောင်းရေးဖြစ်တယ်၊ ပြည်သူတွေကောင်းစားသွား တယ်ဆိုတာ၊ တိုင်းပြည်အာဏာရထားသူ တဦးတယောက်လောက်က စိတ်ကောင်းစေတနာကောင်းရှိရင်ကို ဖြစ်နိုင်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေ နဲ့ အစိုးအဖွဲ့ဝင်တွေဟာ ဘယ်တုန်းကမှ တိုင်းပြည်အပေါ်စေတနာထားပြီး၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတာမျိုးမရှိခဲ့ဘူး၊ အခုထိမရှိဘူး၊ တိုင်းပြည်မျက်မှာမကြည့်ဘူး၊…