(စာတော့နဲနဲရှည်မယ် သီးခံဖတ်ပေါ့၊ ဆောင်းပါရှည် ၁၉၆၂ ကနေ ဒီကနေ့အထိ)
တကယ်တော့ တိုင်းပြည်တပြည် အသွင်ကူးပြောင်းရေးဖြစ်တယ်၊ ပြည်သူတွေကောင်းစားသွား တယ်ဆိုတာ၊ တိုင်းပြည်အာဏာရထားသူ တဦးတယောက်လောက်က စိတ်ကောင်းစေတနာကောင်းရှိရင်ကို ဖြစ်နိုင်တဲ့ကိစ္စပါ။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေ နဲ့ အစိုးအဖွဲ့ဝင်တွေဟာ ဘယ်တုန်းကမှ တိုင်းပြည်အပေါ်စေတနာထားပြီး၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတာမျိုးမရှိခဲ့ဘူး၊ အခုထိမရှိဘူး၊ တိုင်းပြည်မျက်မှာမကြည့်ဘူး၊ ပြည်သူမျက်နှာကိုမကြည့်ဘူူး ကိုယ့်ဘို့ဘဲကြည့်တယ်၊ ကျွေးတဲ့သခင်တယောက်ရဲ့ မျက်နှာကိုဘဲကြည့်တယ်၊
အာဏာရှင်နေဝင်းကိုယ်တိုင် သူအာဏာစွန့်ရတဲ့အချိန်တိုင်းပြည်အတွက်ပြုပြင်ပြောင်းလဲရေး။ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ပေးမယ်ဆိုတာမျိုးမရှိဘူး၊ စိတ်ကောင်းစေတနာကောင်းနဲ့ တိုင်းပြည်အတွက်အစီမံတွေချသွားပေးတာမရှိဘူး၊ “ဆူဆူပူပူလုပ်ရင်တော့ တပ်မတော်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်ရင် ထိအောင်ပစ်တယ်” လို့ကြိမ်းဝါးသွားတယ်။ ပြည်သူအပေါ်မှာထားတဲ့သူ့ရဲ့ သဘောထားပါဘဲ၊ သူ့ရဲ့စိတ်ဓာတ်အဆင့်အတန်းဘဲ၊ ကတယ်တော့ နေဝင်းကို ပြန်ကြည့်ရင်လည်းသူဟာ Decent ကောင်းမွန်တဲ့အခြေအနေကလာသူမဟုတ်ဘူး၊ ရေကြည်ရာမျက်နုရာ ရှာဖွေစားသောက်ရင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်တယောက်ကမွေးတဲ့သူ၊ နောက်ပြီးသူကိုယ်တိုင် စာရိတ္တမကောင်းဘူး။ မြင်းလောင်း၊ မိန်းမလိုက်၊ အချိန်ရှိသ၍စိတ်ထဲဒါမျိုးစဉ်းစားနေတဲ့သူ၊ တရားဝင်ကို မိန်းမ သုံးလေးယောက်ယူလိုက်သေးတယ်၊ အဲဒိလို စိတ်ဓာတ်အဆင့်အတန်းနိမ့်သူဖြစ်တဲ့ အတွက်၊ ကိုယ်ကျိုးဘဲကြည့်တယ်၊ အာဏာကိုအရှက်မရှိ အနှစ် ၃၀ လောက်ယူခဲ့တယ်။ အဲဒိလို လမ်းဘေးကလူက တိုင်းပြည်ခေါင်းဆောင်တက်ဖြစ်တယ်ဆိုတာကလည်း၊ အခွင့်သာလို၊ ဆွမ်းခံရင်ငှက်သင့်ပါဘဲ၊ ရဲဘော်သုံးကျိပ်လို ဟာမျိုးဖွဲ့မိလို့ဘဲ၊ အဲဒိ ရဲ ဘော်သုံးကျိပ်သာ မဖွဲ့ခဲ့ရင် နေဝင်းလိုလူ မြန်မာပြည်မှာ နိုင်ငံရေးခေါင်းဆောင် ဖြစ်လာစရာမရှိဘူး။ အဲဒိတုန်းကလည်း ရဲ ဘော်သုံးကျိပ်ဆိုတာ အခုလို သမိုင်းစာအုပ်ထဲမှာ သူရဲကောင်းဖြစ်လာမယ်မှန်း သိကြတာမဟုတ်ဘူးလေ အဆင်ပြေတဲ့သူ ထိုးကြိတ်ထည့်လိုက်ကြတာ။
နေဝင်းနောက် ဆက်ခံရတဲ့ စိန်လွင်။ မောင်မောင်။ တိုင်းပြည်အတွက် အသွင်ကူးပြောင်းရေးကို ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ စိတ်မျိုးလုံးဝမရှိဘူး၊ သိတောင်သိပုံမရဘူး၊ ကျွေးတဲ့ သခင်မျက်နှာကိုဘဲကြည်တယ်၊ ပြည်သူကိုနှိပ်စက် သတ်ဖြတ်ခဲ့တယ်၊ ကိုယ့်ရဲ့အာဏာအဝန်းအဝိုင်းထဲရှိတဲ့မိသားစုတွေမျက်နှာ လောက်ဘဲ ကြည့်တယ်။ အဲဒိအသိုင်းအဝိုင်းလောက်ကိုဘဲကာကွယ်ရမယ်လို့သိခဲ့တယ်။ သူတို့လည်း စိတ်ကောင်းရှိသူတွေ စိတ်ဓာတ်အဆင့်အတန်းမြင့်မားသူတွေမဟုတ်ဘူး။
ဗခ စောမောင်တယောက်တော့ ပြည်သူလက်ထဲအာဏာပြန်ထည့်မယ်ပြောတယ်၊ ပညာမတတ်တဲ့ စစ်သားဘဝကလာပေမယ့် ရိုးဟန်ရှိတယ်၊ စာရိတ္တစည်းကမ်းရှိသူဖြစ်နိုင်တယ်၊ ဒါပေမယ့်သူကံမကောင်းရှာဘူး၊ အဆိုးဆုံးကတော့ သန်းရွှေ နဲ့ ခင်ညွန့်ဘဲ။ ဉာဏ်နီဉာဏ်နက်များသူတွေ။ စိတ်ဓာတ်ယုတ်ညံသူတွေဖြစ်တယ်၊ သူတိုနှစ်ယောက်ပေါင်း ဗခစောမောင်ကို သတ်ပြီး အာဏာသိမ်းလိုက်တာဘဲ၊ ပြည်သူတွေအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ပေးမယ်ဆို တာမျိုးမရှိဘူး ဒီမိုကရေစီလိုလားသူတွေကို နှိမ်နင်းပြီး စစ်အာဏာရှင်မိသားစု ပြန်လည်အာဏာရရေး၊ ဆိုတာကိုဘဲလုပ်ခဲ့တယ်။ ဗခသန်းရွှေကိုလည်းကြည့် ငယ်စဉ်ကချို့ချို့ငဲ့ငဲ့နဲ့ အခြေအမြစ်ရှိသူမဟုတ်ဘူး၊ ကောင်းတဲ့ အကျင့်အကြံကိုရနိုင်လောက်တဲ့ ပတ်ဝန်းကျင်မျိုးမှာရှင်သန်ခဲ့သူမဟုတ်ဘူး၊ သူ့မိန်းမဒေါ်ကြိုင်ကြိုင် ဆိုရင်လည်းဒီအတိုင်းဘဲ သူထက်တောင်ဆိုးဦးမယ်။ အသိဉာဏ်ပညာနဲ့ စာရိတ္တနိမ့်တယ်၊ ဒီတော့ တိုင်းပြည်အတွက်တို့ ပြည်သူအတွက်တို့မကြည့်တော့ဘူး၊ ရရင်အကုန်ယူမယ်ဆိုတဲ့ အောက်တန်းစားစိတ်ဘဲရှိတယ်။ သန်းရွေဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး နဲ့ အယုတ်မာဆုံး အုပ်စိုးသူဘဲ၊ သူဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ တန်ဘိုးတွေကိုပါ ဖျက်စီးသွားတဲ့သူဘဲ၊ စစ်တပ်ကိုလည်းဖျက်ဆီး ခဲ့တဲ့သူဘဲ။ တိုင်းပြည်ဒီကနေ့အထိ ဒုက္ခခံစားနေရတာဟာ သူဖန်တီးထားတာဘဲ။
သန်းရွှေနောက်ဆက်ခံတဲ့ ဦးသိန်းစိန်လည်း တကယ်တော့ တကယ့်အခြေခံကျတဲ့ပြုပြင်ပြောင်းလဲရေးကို မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် တိုင်းမဂ္ဂဇင်းကတောင် ပြုပြင်ပြောင်းလဲရေးသမားကြီးလို့ရေးလို့ရေး၊ နိုဘယ်ဆုတောင်ရတော့မလိုလို၊ ဦးသိန်းစိန်ဟာ နိုင်းယှဉ်ချက်အရ အခြားဗိုလ်ချုပ်တွေလောက် ယုတ်မာသူမဟုတ်ဘူးလို့ဆိုနိုင်ပါတယ်။ ကိုယ်ကျင့်တရားကောင်းသူ၊ စာရိတ္တစည်းမျဉ်းထိန်းသိမ်းသူ ယဉ်ကျေးသိပ်မွေ့သူလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူလည်း ခိုးသားငါးရာ ဂိုဏ်းထဲပါဘူးသူပါဘဲ။ သူ့လက်ထက်ပြုပြင်ပြောင်းလဲရေး တွေထဲမှာ ဗဟိုဘဏ်သီးခြားခွဲထုတ်တာ၊ သတင်းလွတ်လပ်ခွင့်ပေးတာ၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးတာ၊ လက်နှက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့ ပြည်ပရောက်သူတွေကို ရန်သူစာရင်းကနေပျယ်ဖျက်ပေးတာ၊ လက်နှက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပြန်လာခွင့်ပေးတာ၊ စတာတွေပြုလုပ်ခဲ့တာရှိပါတယ်။ ၁၉၆၂ နောက်ပိုင်း ဒါကအများဆုံးလုပ်ပေးတာလို့ဆိုနိုင်ပါတယ်။ ဒါကလည်း သူစီမံဖန်တီးခဲ့တာမဟုတ်ပါဘူး၊ အစကတည်းက စီမံထားပြီးသား ဇာတ်ဆရာက ဇတ်ညွှန်းရေးပေးထားပြီး သားပါ၊ နည်းပညာပိုင်းတော့သူလုပ်တာဖြစ်နိုင်ပါတယ်။ ဒါတွေက liberalization လုပ်တဲ့အလုပ်တွေပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်တဲ့ တိုင်းပြည်တိုင်းမှာလုပ်တဲ့ ကကြီးခခွေးကိစ္စတွေပါ။ ဒါပေမယ့် တကယ်လုပ်ရမယ့် အနှစ်တွေကျတော့ မလုပ်ခဲ့ပါဘူး။ သန်းရွှေချထားပေးတဲ့ အကွက်တွေထဲကဘဲ လုပ်သွားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို မထိဘူး၊ စစ်တပ်ကနိုင်ငံရေးဦးဆောင်မှုမှာရှိရမယ်ဆိုတာကြီး ကိုဆက်ထားတယ်။ ဒါကိုက စစ်အာဏာရှင်စနစ်ကိုဆက်ထားတာဘဲ၊ နောက် စစ်တပ် နဲ့ ရဲ(police) ခွဲထုတ်တာမျိုးမလုပ်ခဲ့ဘူး၊ ရဲ ကိုစစ်တပ်အောက်ဆက်ထားတယ်၊ အုပ်ချုပ်ရေးနဲ့ဌာဆိုင်ရာအသီးသီးမှာ စစ်တပ်ကဆက်နေရာ ယူထားတယ်။ မြန်မာ့ဦးပိုင်လီမီတက်လို စစ်တပ်ပိုင်စီးပွားရေးတွေကို ဆက်ထားတယ်၊ စစ်တပ်ရဲ့သီးခြားဘတ်ဂျက်တွေကို မရုတ်သိမ်းနိုင်ခဲ့ဘူး။ တိုင်းရင်းသားကိစ္စတွေ ဘာမှ မရှင်းနိုင်ဘူး၊ ထပ်တောင်တိုက်ခဲ့သေးတယ်။သူ့လက်ထက်မှာ ကချင်နဲ့ရှမ်းမှာထိုးစစ်တွေဆင်ခဲ့တယ်၊ သူလည်း ပြည်သူတွေအတွက် ပြတ်ပြတ်သားသားမလုပ်ခဲ့ပါဘူး။ သူလည်းသူ့သခင်သန်းရွှေမျက်နှာကိုဘဲကြည့်ခဲ့ တာပါဘဲ။ သူလည်းသူရဲဘောကြောင်သူဘဲ၊ အမှန်ကိုမျက်ကွယ် ပြုသူပါဘဲ။
အခု ဒေါ်အောင်ဆန်းစုကြည်၊ သူ့ကိုတော့ ဒီမိုကရေစီသမားလို့ အများကထင်တာဘဲ၊ ဒါပေမယ့် ဒီမိုကရေစီရဲ့ တန်ဘိုးတွေကို သူတိုကိုယ်တိုင်လိုက်နာ အကောင်အထည်ဖေါ်သူတော့မဟုတ်ဘူး။ သူလက်ထက်မှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ဘာမှမလုပ်နိုင်ပါဘူး၊ စီးပွားရေးလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် ဆိုတာတွေက ဦးသိန်းစိန်လက်ထက်ကတည်းက ဖြစ်ပြီးသားပါ၊ သူလက်ထက်မှာ ၆၆ဃ လို သတင်မီဒီယာတွေကိုနှိပ်ကွက်နိုင်တဲ့ဥပဒေတောင်ပြန်ပေါ်လာသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေရှိ နေတယ်၊ သင်္ကြန်သံချပ်ဆိုတဲ့ကျောင်းသား တွေတောင်အဖမ်းခံရတယ်၊ထောင်ကျတယ်၊ တိုင်းရင်သားကိစ္စတွေမရှင်းနိုင်ဘူး၊ ရခိုင်တွေနဲ့အကြီးအကျယ် တိုက်ပွဲတွေဖြစ်နေတယ်၊ ရဲ တပ်ဖွဲ့ကို စစ်တပ်လက်အောက်က မထုတ်နိုင်ဘူး၊ (ထွေအုပ်တွေခွဲထုတ်တာဟာ မှန်ကန်တဲ့လုပ်ရပ်ပါ)၊ တရားစီရင်ရေး ကောင်းလာအောင်မလုပ်နိုင်ဘူး၊ ဗစ်တိုးရီးယားလို ခလေးမုဒိန်းမှုတောင်ပေါ်အောင်မလုပ်နိုင်ဘူး၊ အဂတိုက်ဖျက်ရေးမလုပ်နိုင်ဘူး၊ သယံဇာတတွေ ဆုံးရှုံးနေ တာမတားနိုင်ဘူး၊မူးယစ်ဆေးဝါးကိစ္စမရှင်းနိုင်ဘူး၊ လွှတ်တော်ထဲက စစ်သားတွေ မလျော့ချနိုင်ဘူး၊ စစ်တပ်ဟာ နိုင်ငံရေးဦးဆောင်မှုမှာ ရှိနေရမယ်ဆိုတာကို မဖျက်နိုင်ဘူး။ အများစုဆင်းရဲသားပြည်သူတွေ အတွက်ဘာမှလုပ် မပေးနိုင်ဘူး။ macro အကြီးစားစီးပွားရေးလုပ်ငန်းတွေလောက်ဘဲလုပ်နိုင်တယ်၊ အရည်အချဉ်းမရှိတဲ့ ခရိုနီတွေနဲ့ တရုတ် စီမံကိန်းတွေလောက်ဘဲရှိတယ်။ ဒါတောင် မအောင်မြင်ဘူး၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မအောင်မြင်ဘူး၊ ဆင်းရဲသားပြည်သူ အများစုအတွက်ဘာမှလုပ်မပေးနိုင်ဘူး၊ ရေပေါ်ဆီတွေနဲ့ဘဲ အချိန်ကုန်နေတယ်၊ နိုင်ငံရေး အံတုပွဲအနိုင်ရဘို့လောက်ဘဲစဉ်းစားနေတာ၊ သမိုင်းဟောင်းအကြွေးဟောင်း တွေကြားမှာစိတ်ကူးယဉ်နေတာ၊ ပြည်သူလူထုအကျိုးဆိုတာထက်၊ သူ့ကို သန်းရွှေက သမတ မလုပ်ရဘူးလို့ ကန့်ထားတာကို မရရအောင် ဖျက်ဖို့ သမတ လုပ်ဖို့ အာရုံရောက်နေတာ။ ပြည်သူလူထုစီကထောက်ခံမှုဘဲ လိုချင်တာ၊ ပြည်သူလူထုမျက်နှာ ကြည့်ရကောင်းမှန်းမသိဘူး။ သူ့အစိုးရဟာလည်း ပြုပြင်ပြောင်းလဲရေးကို အင်တိုက်အားတိုက်လုပ်နိုင်တဲ့ စွမ်းအားရှိတဲ့ အစိုးရဖြစ်မလာဘူး။ ဗဟိုနဲ့ပြည်နယ်အစိုးရတွေမှာလည်း အရည်အချဉ်းမရှိသူတွေကို ခန့်ထားတယ်။ စစ်အာဏာရှင်လက်ထက်ကလူတွေကို တပုံကြီးပြန်ခန့်ထာားတယ်။ ပြည်သူလူထုရဲ့ ၈၈ တော်လှန်ရေးအသီးအပွင့်တွေအားလုံး သူတယောက်ထဲသုံးပစ်ခဲ့တာဘဲ။ စစ်တပ်နဲ့အာဏာခွဲဝေပြီး အာဏာရတဲ့အဆင့်ဘဲရှိတယ်။ အရင်စစ်တပ်လက်ထက် ပုံစံဟောင်းကြီးဘဲ။ ဒါလည်း နောင်မှာ သမိုင်းတွင်မှာဘဲ။ ဖိလစ်ပိုင်က အကွီနိုတို့၊အင်ဒိုနီးရှားက မီကာဝါတီ တို့လိုဘဲ အတူတူဘဲ၊ ကိုယ်တိုင်ရည်အချင်းရှိလို့၊ ပြည်သူ့ဘဝနားလည်လို့ နိုင်ငံရေးခေါင်းဖြစ်လာတာ အာဏာရလာတာမဟုတ်ဘူး မိသားစုလင်ယောကျ်ားဖခင် တို့ရဲ့အရှိန်အဝါတွေကိုဆက်ခံပြီးဖြစ်လာကြတာ၊ အရည်အချဉ်းမရှိဘူး၊ သူတို့အစိုးရတွေ မအောင်မြင်ဘူး။
နောက်ဆုံးကတော့ ဗခမင်းအောင်လှိုင်ပါဘဲ၊ လက်ရှိတကယ့်အာဏာက သူ့လက်ထဲမှာပါဘဲ၊ ဒီကနေ့ မြန်မာပြည်ကို အပြောင်းအလဲလုပ်မယ်ဆိုရင် ဗခ မင်းအောင်လှိုင်လုပ်လို့ရပါတယ်။ ဗခ မင်းအောင်လှိုင်လဲ ဦးသန်းရွှေ တမျက်နှာဘဲ ကြည့်သူပါ။ သူဟာ အခြားဗိုလ်ချုပ်တွေထက်စာရင်တော့ ယဉ်ကျေးတဲ့သူ၊ သိမ်မွေ့တဲ့သူလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူလည်း ပြည်သူ့မျက်နှာထက် ကျွေးတဲ့သခင်ရဲ့မျက်နှာကို ဘဲကြည့်တဲ့သူပါ။ ဦးသန်းရွှေရဲ့ အစီအမံတွေကို ကာကွယ်စောင့်ရှောက်သူပါ။ စစ်အာဏာရှင်စနစ်ကို ဆက်လက်ကာကွယ်သူပါဘဲ။ သူလည်းပြည်သူမျက်နှာကြည့်သူ၊ စိတ်ဓာတ်အဆင့်အတန်းမြင့်မားသူ မဟုတ်ပါဘူး။
တကယ်တော့ တိုင်းပြည်ကိုဦးဆောင်တဲ့နေရာမှာ၊ တည်ဆောက်တဲ့နေရာမှ Nobility/Decency ရှိဖို့လိုတယ်၊သူတော်ကောင်းတရားရှိဖို့လိုတယ်။ မဟုတ်တာမလုပ်ဘူး၊ သမာသမတ်မကျတာမလုပ်ဘူး၊ အောက်တန်းကျတာ ကလိမ်ကလယ်ကျတာမလုပ်ဘူး၊ မခိုးဘူး မလိမ်ဘူး၊ လုပ်တဲ့အလုပ်ပေါ် အလွဲအသုံးစားမလုပ်ဘူး၊ သစ္စာရှိတယ်။ တည်ကြည်တယ်၊ စိတ်ကောင်းရှိတယ်၊ ပညာတတ်တယ်၊ အရည်အချင်းရှိတယ်၊ စာရိတ္တကောင်းတယ်၊ မဟုတ်တာလုပ်ဖို့ရှက်တယ်၊ အများပြည်သူ့အကျိုး လောကအကျိုးကိုကြည့်တယ်၊ကိုယ်ကျိုးမကြည့်ဘူး ဒီလို အချက်တွေလိုပါတယ်။ ဒီလိုလူမျိုးတွေ ဦးဆောင်ခဲ့တဲ့ တိုင်းပြည်တွေဟာ ဒီကနေ့ ကမ္ဘာပေါ်မှာကောင်းစားနေတာပါ။ ဥပမာ အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့တဲ့သူတွေကိုကြည့်ပါ၊ ဘင်ဂျမင် ဖရင်ကလင်တို့၊ ဂျွန်အက်ဒမ်တို့၊ သောမတ်ဂျက်ဖာဆင်၊ အက်ဇဒ္ဒြီယား ဟယ်မလင်တန်လိုလူတွေ လူလေးငါးဆယ်ယောက်က ဘဲဦးဆောင်လုပ်ခဲ့တာပါ၊ ဒီကနေ့အထိကောင်းနေတုန်း၊ ဒီလူတွေဟာ Noble men တွေဖြစ်တယ်၊ သူတော်ကောင်းတရားရှိသူတွေဖြစ်တယ်၊ ဂျပန်ဆိုရင်လည်း ဆာမူရိုင်း စိတ်ဓာတ်ရှိသူတွေထူထောင်ခဲ့တာပါ၊ စိတ်ဓာတ်မြင့်မားသူတွေပါ၊တကယ်တော့ မြန်မာပြည်မှာခေါင်းဆောင်ဖြစ်ခဲ့သူတွေမှာ အဲလို စိတ်သဘောထားမျိုး အရည်အချင်းမျိုးမရှိကြဘူး၊ အခွင့်သာလို့၊ လူအဆက်ကောင်းလို့၊ ဆရာမွေးတည်ပည့်မွေး၊ မိသားစုကောင်းစားရေးတွေ နဲ့ တိုင်းပြည်ခေါင်းဆောင်ဖြစ်လာကြသူတွေကြီးဘဲ၊ ဘာအရည်အချဉ်းမှ မရှိဘူး၊ ဘာစိတ်ဓာတ်အဆင့် အတန်းမှာမရှိဘူး ဒါကြောင့်တိုင်းပြည်ပျက်တာ၊တိုင်းပြည်နာတာ။
ဥပမာ အင်ဒိုနီးရှားမှာ အာဏာရှင်ဆူဟာတိုနောက် ဆက်ခံသူ ဘီဂျေဟာဘီဘီ ဟာ ဆူဟာတိုရဲ့ တပြည့်အရင်း၊ ၁၉၉၈ ဆူဟာတို သမတ ကပြုတ်တော့၊ ဒုသမတ နေရာကနေ သမတ တက်ဖြစ်လာသူပါ၊ ဒါပေမယ့် ဆူဟာတိုပြုတ်သွားတဲ့ အချိန်မှာ သူဟာပြည်သူမျက်နှာကိုကြည့်ခဲ့တယ်၊ ပြည်သူအတွက်လုပ်ပေးခဲ့တယ်၊ ဒါတောင်သူ့ကိုဆန္ဒပြမောင်းထုတ်နေလို့သူ သမတ အဖြစ် ၁၇ လဘဲ လုပ်ရတယ်၊ သူပြည်သူ့အတွက်စေတနာ ထားပြီးလုပ်သွားတယ်။ ပြောရရင် ဦးသိန်းစိန် မြန်မာပြည်မှာမလုပ်တာမျိုးတွေ သူအကုန်လုပ်သွားတယ်။ စစ်တပ်ကို နိုင်ငံရေးဦးဆောင်မှုနေရာကဖယ်သွားတယ်၊ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်ခန့်ထားတဲ့ စနစ်ကိုဖျက်လိုက်တယ်။ ရဲ ကိုစစ်တပ်အောက်က ခွဲထုတ်ခဲ့တယ်။ စစ်တပ်ကို နည်းပညာသမားတွေ အဖြစ်ပြောင်းလဲပစ်ခဲ့တယ်။ ဖွဲ့စည်းပုံစည်းမျဉ်းကို စတင်ပြင်ဆင်ခဲ့တယ်။ ဆူဟာတိုချထားတွေကို အကုန်ပြောင်းပြန်ဖျက်ပစ်ခဲ့တယ်။ သူက ဂျာမဏီမှာ လေယဉ်ပျံ အင်ဂျင်နီယာ နဲ့ Phd ဒေါက်တာဘွဲရခဲ့သူ၊ ဂျာမဏီက ကုပ္မဏီမှာ ဦးဆောင်အရာရှိအဖြစ် အနှစ် ၂၀ လုပ်ခဲ့တယ်။ ဥရောပမှာ ပညာသင်ခဲ့သူ၊ အရပ်သား ပညာရှင်၊ ဘာသာရေးကိုင်းရှိုင်းသူ၊ လူ့စည်းမျဉ်းတွေလိုက်နာတဲ့သူ၊ သူက စစ်တပ်က အာဏာသိမ်းမယ့် ဆူဟာတိုရဲ့ သမက်ကိုတောင်ရာထူးကဖယ်ရှားပစ်ခဲ့တယ်။ အရှေ့တီမောကို လွတ်လပ်ရေးပေးခဲ့တယ်၊ အာချေးကို အုပ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့တယ်။ စစ်တပ်ကိုနိုင်ငံရေးဦးဆောင်မှုကဖယ်ခဲ့တယ်။ အင်ဒိုနီးရှားအသွင်ကူးပြောင်းရေးကိုလမ်းဖွင့်ပေးခဲ့တယ်။ နောက် အင်ဒိုနီးရှားက ဗိုလ်ချုပ်ကြီး ဆူစီလိုဗန်ဘန်း သူဟာ အမေရိကန် စစ်တက္ကသိုလ်ဆင်း၊ စီးပွားရေးဘွဲ့ရသူ။ သူဟာ အင်ဒိုနီးရှား ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုဆက်လက်သယ်ဆောင်ခဲ့တယ်။ စစ်တပ်နဲ့အာရှင်စနစ်ကို ပြန်အသက်မသွင်းခဲ့ဘူး၊ ဒီလိုလူတွေနဲ့စာရင် မြန်မာပြည်က ခေါင်းဆောင်တွေဟာ တော်လေး စိတ်ဓာတ်ညံဖျဉ်းသူတွေဖြစ်တယ်။
နောက် ဥပမာ တခုက ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ရားမို့စ် သူ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဘဝမှာ ပြည်သူတွေဘက်ရပ်ခဲ့တဲ့သူ၊ သူကိုရာထူးတွေပေးခဲ့တဲ့ အာဏာရှင် မားကို့စ်ကိုတော်လှန်ခဲ့တယ်၊ ဖိလစ်ပိုင်မှာ people power ဆိုတဲ့လူထုအုံကြွတော်လှန်မှုဟာ သူ့တို့လိုစစ်သားတွေကြောင်ဖြစ်ခဲ့ရတာ၊ အောင်မြင်ခဲ့ရတာ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်အောင်လုပ်ပေးခဲ့တဲ့သူ။
ဆိုလိုတာက စိတ်ကောင်းရှိသူ၊ စိတ်ဓာတ်အဆင့်မြင့်မားသူ တယောက် လောက်ဟာ သူသန်းပေါင်းများစွာရဲ့ ဘဝကိုကယ်တင်နိုင်တယ်၊ အခု အချိန်အထိ မြန်မာနိုင်ငံမှာ ပြည်သူလူထုမျက်နှာကိုကြည့်ပြီး တိုင်းပြည်ကို စေတာနဲ့ ပြုပြင်ပြောင်းလဲပေးမယ်ဆိုတဲ့သူ တယောက်မှ မရှိသေးဘူး။ အထူးသဖြင့် စစ်အာရှင်အစိုးရထဲ ပါခဲ့တဲ့သူ၊ လုပ်ခွင့်ရခဲ့သူတွေထဲ၊ စစ်ခေါင်းဆောင်တွေထဲမှာ တယောက်မှ မရှိခဲ့ဘူး၊ နေဝင်းလက်ထက်ကနေ ဒီကနေ့အထိတယောက်မှမရှိခဲ့ဘူး။ တိုင်းပြည်တပြည်ထူထောင်နိုင်ဖို့ဆိုတာစိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့၊ ကိုယ်ကျင့်သိက္ခာနဲ့ပြည်စုံတဲ့ စိတ်ကောင်းရှိသူ၊ အရည်အချင်းရှိသူ၊ ကိုယ်ကျိုးထက်အများအကျိုးကြည့်သူ အမျိုးသား အမျိုးသမီးတွေလိုအပ်တယ်။
ဇော်မိုးကျော်။
ဧပြီ ၂၅၊ ၂၀၂၀
Be First to Comment