မျက်လုံးကို အသာမှိတ်ပြီး၊
ခေါင်းကိုငုံထားမိတယ်။
မျက်လုံးထဲမှာပုံရိပ်တွေ
လှုပ်ရှားနေတယ်။
စစ်ပွဲတခုမှာ ဒါးဒါးချင်း လှံလှံချင်း
ထိသံတွေ တချွင်ချွင်ကြားနေရတယ်။
ခေါင်းကိုဖြေးဖြေးချင်းမော့ပြီး
မျက်လုံးကိုငါဖွင့်ကြည့်မိတယ်။
တကယ်တော့ ငါ့ရန်သူနဲ့ သူတို့လက်ဆုံစားနေတဲ့
ညစာစားပွဲက
ပန်းကန်တွေ စွန်းတွေရဲ ထိရှသံတွေဖြစ်နေတယ်။
ငါမျက်လုံးကို အသာပြန်မှိတ်ထားမိတယ်။
တိတ်ဆိတ်နေတဲ့ ကောင်းကင်တခုရှိနေတယ်။
စီးကျသွားတဲ့ သွေးတစက်ဟာ
စမ်းချောင်းတွေကို နီရဲသွားစေတယ်။
ဇော်မိုးကျော်။
၂၇၊၁၂၊၂၀၁၉
Be First to Comment