Press "Enter" to skip to content

News

Heading 1

T Khun Myat. House Speaker Age 70 in 2020.

ဦးတီခွန်မြတ်ဟာ ၂၀၁၈ မတ်လမှာ၊ ဦးဝင်းမြင့်( သမတဖြစ်ရန်) လွှတ်တော် ဥက္ကဌနေရာမှ နှုတ်ထွက်သွားတဲ့ အတွက်၊ လွှတ်တော်ဥက္ကဌဖြစ်လာခဲ့သူဖြစ်ပါတယ်။ ထောက်ခံမဲ ၂၈၀ နဲ့ ဖြစ်လာတာပါ။ NLD အမတ််တွေကမဲ ပေးခဲ့ကြပါတယ်။ ဦးတီခွန်မြတ်ဟာ ကြံခိုင်ဖွင့်ဖြိုးရေးပါတီက ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ကြံခိုင်ဖွင့်ဖြိုးရေးပါတီကနေ ရှမ်းပြည်နယ် ကွတ်ခိုင် မဲဆန္ဒနယ်မြေကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ဖေဖေါ်ဝါရီလမှာ ကြံခိုင်ဖွင့်ဖြိုးရေးအမတ်အနေနဲ့ လွှတ်တော် ဒုတိယ ဥက္ကဌဖြစ်လာခဲ့ပါတယ်။ တရားရေးဝန်ထမ်းနဲ့ ရှေ့နေချုပ်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သလို။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းရေးဆွဲရေးကော် မတီဝင်ဖြစ်ပါတယ်။
၁၉၅၀ အောက်တိုဘာလမှာမွေးဖွားခဲ့ပြီး၊ ကချင်လူမျိုး ရှမ်းပြည်နယ်ဖြစ်ပါတယ်၊ ၁၉၇၄ ဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့ပြီး၊ ၁၉၇၅ ခုနှစ်မှာ ရှေ့နေအဖြစ်စတင်အလုပ်လုပ်ပါတယ်ခဲ့ပြီး၊ ၁၉၇၆ ဥပဒေဝန်ထမ်းအဆင့် ၄။ ၁၉၈၁ မှ ၁၉၈၄ အထိ ကွတ်ခိုင် မြို့နယ်ပြည်သူကောင်စီကော်မတီဝင်(မဆလ)၊ ၁၉၈၅ တောင်ငူ ဥပဒေဝန်ထမ်းအဆင့်၃၊ ၁၉၈၈ မှာ ကွတ်ခိုင်မြို့နယ်မတဝ (နဝတ)၊ ၁၉၉၀ ရှေ့နေချုပ်ရုံးညွန်ကြားရေးမှုး၊ ၁၉၉၀ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကွဲမှုလက်အောက်ခံ၊ ကွတ်ခိုင်ဌာနေပြည်သူ့စစ်ခေါင်းဆောင်။ ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဝင်၊ ၂၀၀၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲ ကျင်းပရေးကော်မတီဝင်၊ ၂၀၁၇ ခုနှစ် ကြံဖွတ်မှနှုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ်ရပ်တည်။
ကွတ်ခိုင်မှာ ၂၀၂၀ မတ်လက ဖမ်းမိခဲ့တဲ့၊ မူးယစ်ဆေးဝါးချက်စက်ရုံတွေဟာ ဦးခွန်မြတ်ရဲ့ ပြည်သူ့စစ်တွေ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ ယခင်ကတည်းကလည်း ကွတ်ခိုင် ရှမ်းပြည်နယ်မှာ မြင်းဆေး(ကြယ်သီး) မူးယစ်ဆေးဝါးတွေကို ပြည်သူစစ်တွေ၊ အဓိက လုပ်ကိုင်နေ ကြတာဖြစ်တယ်လို့ ဒေသခံတွေရော၊သတင်းတွေမှာရောဖေါ်ပြသိရှိပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ်အပါဝင် ဒေသအတော်များများမှာ မူးယစ်ဆေးဝါးကို ပြည်သူ့စစ်တွေ၊ သကဆဖ တွေ အပစ်ရပ်အဖွဲ့တွေက လုပ်ကိုင်နေကြတာပါ၊ ဒါကို မြန်မာစစ်တပ်ကလည်းသိပြီဖြစ်ပါတယ်။
ကွတ်ခိုင်မူးယစ်ဆေးကိစ္စမှာ၊ ယခင်က စစ်တပ်ကနဲ့ပြေလည်နေစဉ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးခြင်းမပြု ပေမယ့်၊ ၂၀၁၉ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေနဲ့ ဦးခွန်မြတ်ရဲ့ ဘက်ပြောင်းတဲ့ကိစ္စတွေကြောင့် စစ်တပ်က မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးနှိမ်နင်းခဲ့ တယ်လို့ယုံကြည်ကြပါတယ်။ အစောပိုင်းကာလတွေမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေဟာ ပြည်သူစစ်တွေ နဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိတွေ အတွက်အကျိုး အမြတ်ရှိနေတာကြောင့် မျက်ကွယ်ပြုထား ခဲ့ကြတယ်လို့ယုံကြည့်ကြပါတယ်။
ရှမ်းပြည်နယ်အပါအဝင် ဒေသအသီးသီးမှာ ပြည်သူစစ်တွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချပြီး သူတို့တပ်ဖွဲ့ဝင်တွေကို ရိက္ခာထောက်ပံကြွေးမွေးထားသလို၊ စစ်လက်နှက်ပစ္စည်းတွေကိုလည်း မူးယစ်ဆေးဝါးကရရှိတဲ့ပဆံတွေ နဲ့ ဝယ်ယူအသုံးပြုနေတာကို၊ ဒေသခံတွေက မျက်မြင်ကိုယ်တွေဖြစ်သလို၊ သတင်းဌာနတွေကလည်းစုံဖမ်း ဖေါ်ထုတ်ထားတာရှိပါတယ်။

Comments are closed.