သစ်ကိုင်းချိုးပြီးမြေမှာစိုက်တိုင်း
အပင်မဖြစ်ဘူး။
မင်းကြိုက်တယ်ဆိုလဲသဘောပါ။
ဒါပေမယ်…ငါတို့စိုက်ပျိုးခဲ့တာ၊ ဒီအပင်တော့မဟုတ်ဘူး။
င့ါပါးစပ်ပိတ်ထားလိုက်မယ်၊
အရွက်တွေကြွေပြီး အကိုင်းခြောက်ဘဲ ကျန်တော့တဲ့အခါ
ငါ့ပရောဂါမပါအောင်လို့။
ဆုတောင်းပေးလိုက််မယ်၊
အရိပ်ရမယ်ထင်နေတဲ့၊
မင်းရဲ့မျှော်လင့်ချက်လည်း၊
အိမ်မက်ဆိုးထဲမပျောက်ဆုံးပါစေနဲ့။
ဒါနဲ့..ငါ့ရဲ့ဦးဏှောက်တွေလဲ၊
အရက်ခွက်ထဲ အေးခဲမသွားခင်၊
ငါ့ကိုယ်ငါပြန်ရှာရဦးမယ်။
တကယ်တော့၊
အရင်းအနှီးထည့်ဝင်ထားသူက၊
အလိမ်ခံရတဲ့အခါ၊ နာကျဉ်ပေမယ့်၊
လှေထိုးလိုက်သူတွေကတော့၊
ဟေးလားဝါးလားပေါ့။
ကျမ္မာပျော်ရွှင်ကြပါစေ။
၁၅၀၆၁၉
ဇော်မိုးကျော်။
“ကာရံမဲ့”
More from CultureMore posts in Culture »
Be First to Comment