Press "Enter" to skip to content

Posts published in “Culture”

“ကာရံမဲ့”

သစ်ကိုင်းချိုးပြီးမြေမှာစိုက်တိုင်း အပင်မဖြစ်ဘူး။ မင်းကြိုက်တယ်ဆိုလဲသဘောပါ။ ဒါပေမယ်…ငါတို့စိုက်ပျိုးခဲ့တာ၊ ဒီအပင်တော့မဟုတ်ဘူး။ င့ါပါးစပ်ပိတ်ထားလိုက်မယ်၊ အရွက်တွေကြွေပြီး အကိုင်းခြောက်ဘဲ ကျန်တော့တဲ့အခါ ငါ့ပရောဂါမပါအောင်လို့။ ဆုတောင်းပေးလိုက််မယ်၊ အရိပ်ရမယ်ထင်နေတဲ့၊ မင်းရဲ့မျှော်လင့်ချက်လည်း၊ အိမ်မက်ဆိုးထဲမပျောက်ဆုံးပါစေနဲ့။ ဒါနဲ့..ငါ့ရဲ့ဦးဏှောက်တွေလဲ၊ အရက်ခွက်ထဲ အေးခဲမသွားခင်၊ ငါ့ကိုယ်ငါပြန်ရှာရဦးမယ်။ တကယ်တော့၊ အရင်းအနှီးထည့်ဝင်ထားသူက၊ အလိမ်ခံရတဲ့အခါ၊ နာကျဉ်ပေမယ့်၊ လှေထိုးလိုက်သူတွေကတော့၊ ဟေးလားဝါးလားပေါ့။ ကျမ္မာပျော်ရွှင်ကြပါစေ။…

“ညစာစားပွဲ”

မျက်လုံးကို အသာမှိတ်ပြီး၊ ခေါင်းကိုငုံထားမိတယ်။ မျက်လုံးထဲမှာပုံရိပ်တွေ လှုပ်ရှားနေတယ်။ စစ်ပွဲတခုမှာ ဒါးဒါးချင်း လှံလှံချင်း ထိသံတွေ တချွင်ချွင်ကြားနေရတယ်။ ခေါင်းကိုဖြေးဖြေးချင်းမော့ပြီး မျက်လုံးကိုငါဖွင့်ကြည့်မိတယ်။ တကယ်တော့ ငါ့ရန်သူနဲ့ သူတို့လက်ဆုံစားနေတဲ့ ညစာစားပွဲက ပန်းကန်တွေ စွန်းတွေရဲ ထိရှသံတွေဖြစ်နေတယ်။ ငါမျက်လုံးကို အသာပြန်မှိတ်ထားမိတယ်။ တိတ်ဆိတ်နေတဲ့ ကောင်းကင်တခုရှိနေတယ်။ စီးကျသွားတဲ့ သွေးတစက်ဟာ…

“မိုးတွေရွာတဲ့နေ့”

ငယ်ငယ်တုန်းက မိုးတွေရွာတဲ့အခါ အိမ်ခေါင်မိုးပေါ်မိုးရေပေါက်တွေကျတဲ့အသံ တဝုန်းဝုန်း ဘာမှမကြားတော့ဘူး ဖေဖေရယ် မေမေရယ် ညီအကိုမောင်နှမတွေရယ် ငါတို့အိမ်လေးရယ် စောင်ခြုံထဲမှာ နွေးနေအောင် အိပ်ခဲ့ဘူးတယ်။ ထမင်းကြမ်းခဲ တိုဟူးသုတ် တခါတလေ အကြော်နဲ့ ကျောင်းသွားဖို့ပြင်ဆင်နေတဲ့ ငါတို့အိမ်လေးဆူညံနေခဲ့ဘူးတယ်။ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား စစ်ဗိုလ်ကြီးလား၊ ဂီတသမားလား ရုပ်ရှင်မင်းသားလား သနပ်ခါးတွေလိမ်း၊ မှန်တွေအခါခါကြည့်…